လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာ အုပ်စု၊ ကျွဲသောင်ကျေးရွာ၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၊တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာတို့၌ (၈-၈-၂၀၂၀) ရက်နေ့နှင့် (၉-၈-၂၀၂၀) ရက်နေ့များတွင် တိုးမြစ်ရေနှင့် ရာဇူတိုင် မြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးပြိုကျသည့်အန္တရာယ်နှင့်နီးကပ်သည့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၈,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တို့အား (၁၀-၈-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)