လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၌(၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပဒဲချောင်းရေ ရေစီးသန်မှုကြောင့် ချောင်းရေမျောပါသေဆုံးသူ (၂) ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀/-) ကျပ်အား (၁၀-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)