လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၁၀-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) အချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ပျားမွတ်လျှော်ချောင်းကျေးရွာအုပ်စုအတွင်းရှိ လျှော်ချောင်းကျေးရွာ၊ ပျားမွတ် ကျေးရွာ၊ ပိန္နဲချောင်းကျေးရွာ၊ ကျီးချောင်းကျေးရွာ၊ ကျုံလတာကျေးရွာ၊ ပန်းခကျေးရွာ၊ အလယ်ချောင်း ကျေးရွာ၊ နွားရေကျော်ကျေးရွာနှင့် လေးအိမ်တန်းကျေးရွာတို့အတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအားကွင်းဆင်း၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား Loud Speaker၊ Hand Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)