လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ အမှတ် (၆) ရပ်ကွက်၌ (၅-၈-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန် ဘုန်းကြီး ကျောင်း (၂) ကျောင်းနှင့် အမိုးလန်နေအိမ် (၆) လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၈၀,၀၀ဝ/-) ကျပ်အား (၆-၈-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) အချိန်တွင်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ဝါးပြန်ကုန်းကျေးရွာအုပ်စု၌ လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့အား (၇-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီ အချိန်တွင် လည်းကောင်း၊ ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_aug2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events