ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ(၅-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃၃)စုမှ လူဦးရေ(၁၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၁၂,၉၀၀/-)ကျပ်၊ အိမ်ထောင်စု(၃၃)စုအတွက် ဆပ်ပြာ(၃၃)တောင့်နှင့် လူဦးရေ (၁၄၉)ဦး အတွက်(၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၂၉၈)ခုတို့အား (၇-၈-၂၀၂၀)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ထုံးဘိုကျေးရွာ၊ မြသိန်းတန်ဘုရား ယာယီကယ်ဆယ်ရေး စခန်း၌  ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug2020

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events