ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ​ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ (၃-၈-၂၀၂၀)ရက်နေ့တွင် ရေဘေးဖြစ်ပွားခဲ့သောကြောင့် ရေဘေးသင့်အိမ်ထောင်စု(၅၈)စု၊ ဘေးသင့်လူဦးရေ(၂၄၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၁၀,၃၀၀/-)ကျပ်၊ ဆပ်ပြာ(၅၈)တောင့်၊ တစ်အိမ် ထောင်လျှင် ခေါက်ဆွဲခြောက်ထုပ်(၁၀)ထုပ်နှုန်းဖြင့်(၅၈၀)ထုပ်၊ ဘေးသင့်လူဦးရေ(၂၄၃)ဦး အတွက် တစ်ဦးလျှင်Mask(၂)ခုနှုန်းဖြင့်(၄၈၆)ခုတ်ို့အား (၇-၈-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်၀ယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug2020

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events