လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုလောမြို့နယ် လိပ်သောင် ကျေးရွာအုပ်စု၊ လယ်ဖက်ကျးရွာနှင့် ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကံမော်ကြီကျေးရွာတို့တွင် (၄-၈-၂၀၂၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၂၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၀)ဦးတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၂,၀၀၀/-)ကျပ်တို့အား (၇-၈-၂၀၂၀)ရက်နေ့ (၁၆း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#tny_aug2020

Sign Up

Upcoming Events