ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၌ (၂-၈-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ(၃၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၁,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေေ (၁,၁၈၁,၉၀၀/-) ကျပ်တို့အား (၆-၈-၂၀၂၀)ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_aug2020

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events