လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊တောင်စွန်းကျေးရွာအုပ်စုအတွင်းရှိ ကေသဝတီရပ်ကွက်၊ကရင်စုရပ်ကွက်၊အောင်ခေမာရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ စက်ကလေးရပ်ကွက်၊ အင်းဖုန်းကြီးရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။
#ar
#mon_aug2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)