ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုသတင်း

သြဂုတ် ၅၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Covid-19 လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေနံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေကြီး/ ပြည်နယ်အစိုးတို့နှင့် ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့် နေရာများ တွင် စားနပ်ရိက္ခာနှင့် အစားအစာဝယ်ယူရန် ငွေကြေး ထောက်ပံ့မှုများ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ၊ နိုင်ငံရပ်ခြားမှ ဆက်လက်ဝင် ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အသွား အလာကန့်သတ်ခြင်း ပြုလုပ်သည့်နေရာများတွင် ကူညီဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်း လုပ်အားပေးများအား စားနပ်ရိက္ခာကူညီပေးနိုင်ရေးကိစ္စရပ်များ၊ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာသူများအား စားနပ်ရိက္ခာ အတွက် နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ရာတွင် အီလက်ထရော နစ်နည်းပညာဖြင့် ဆောင်ရွက်နိုင်ရေး (WFP)က နည်းပညာဆိုင်ရာအကူအညီ ပေးအပ်နိုင်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_aug2020

 Source:   MOSWRR

 

Sign Up

Upcoming Events