ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအုပ်စု၊ ရေလယ်သောင်၊ လေးလံကျွန်း၊ မြင်းကျွန်းကျေးရွာများမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ် (၆၈)လုံး အိမ်ထောင်စု (၆၈) စု၊ လူဦးရေ (၂၄၆) ဦးအတွက် ပြောင်းရွှေ့နေအိမ် (၁) လုံးလျှင်(၁ဝဝ,ဝဝဝ/-) ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၈ဝဝ,ဝဝ၀/-) ကျပ်၊ လူဦးရေ (၂၄၆) ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၁၆,၆၀၀) ကျပ်၊‌ စုစုပေါင်းထောက်ပံ့ငွေ (၇,၃၁၆,၆ဝဝ) ကျပ်၊ ဓါတ်ဆား (၆၈ဝ) ထုပ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ပြောင်းရွှေ့အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂ဝဝ,ဝဝဝ/-) ကျပ်၊ လူဦးရေ (၁ဝ) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,ဝ၀၀) ကျပ်၊‌ စုစုပေါင်းထောက်ပံ့ငွေ (၂၂၁,ဝဝဝ) ကျပ်၊ ဓါတ်ဆား (၂ဝ) ထုပ်၊ မြို့စိုးကျေးရွာအုပ်စု၊ တန့်ကြည်ကျေးရွာနှင့် အောင်မြေကျေးရွာမှ ပြောင်း ရွှေ့အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈ဝဝ,ဝဝ၀/-)ကျပ်၊ လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၆,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈၆,၁ဝဝ) ကျပ်၊ ဓါတ်ဆား (၈ဝ) ထုပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈,၄၂၃,၇၀ဝ/-) ကျပ်အား (၄-၈-၂ဝ၂ဝ) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။

#ha_rbe
#mgy_aug2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events