ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၅-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀)နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ (၅-၈-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့သော ပင်လယ်ပြင်အတွင်း ငါးဖမ်းရန်ထွက်ခွာ ခဲ့ရာမှ မိုးသက်လေပြင်းမိ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာ အနောက်ဘက်(၆)မိုင်အကွာကမ်းခြေသို့ မျောပါဘေးသင့်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဘုန်းကြီးသောင်ကျေးရွာ၌နေထိုင်သူ ငါးဖမ်းအလုပ်သမား(၃)ဦးတို့အတွက် မိမိတို့ ၏နေရပ်သို့ပြန်ရန် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး လူဦးရေ(၃)ဦးစာနှင့် ခရီးစရိတ် ထောက်ပံ့ငွေ စုစုပေါင်း (၅၁,၀၀၀/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_otr

#mon_aug2020

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events