လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၊ ကမာဘီကျေးရွာ ၊ ကျားဘိုကျေးရွာနှင့် ပန်းကုန်းကျေးရွာတို့တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် အမိုးလန် နေအိမ်(၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၇,၀၀ဝ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် အမိုးလန် နေအိမ်(၉)လုံးရှိ လူဦးရေ (၄၂) ဦးတို့အတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၈,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄၅,၂၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးလူနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ (တန်ဖိုးငွေ-၃၄၇၅၃/-)တို့အား ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၅-၈-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_sgw

#mon_aug2020

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events