
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့နှင့် (၃-၈-၂၀၂၀) ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ် အား လည်းကောင်း၊ တမုတ်ချုံကျေးရွာအုပ်စု၊ တမုတ်ချုံကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၆၈၀၀/-)ကျပ်အာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်အားလည်းကောင်း၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ဗောတိကမ်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်နှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံမခါကျေးရွာနှင့် ထုံတော်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး ခဲ့သည့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခါ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-)ကျပ် စုစုပေါင်ထောင်ပံ့ငွေ(၇၄၄၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၃)ပုံတို့ကို (၃-၈-၂၀၂၀)ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကြက်ခြေနီ၊ မြို့နယ်ကြက်ခြေနီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_aug2020