ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရပ်ကွက်(၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄) ရွာတွင်(၃၁-၇-၂၀၂၀) ရက်နေ့မှ (၃-၈-၂၀၂၀) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ် (၁၂၇) လုံး၊ ရေဘေးသင့် ခဲ့ပြီး အဆိုပါရေဘေးသင့်အိမ်ထောင်စု (၁၂၇) စု၊ လူဦးရေ (၄၉၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁,၀၃၇,၄၀ဝ/-) ကျပ်အား (၄-၈-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_fld
#mgy_aug2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events