
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့နှင့် (၃-၈-၂၀၂၀) ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ဇဝဲကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင် ကျေးရွာအုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၃၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၄)ပုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၄၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၇၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၄၀၉၀၀/-)ကျပ်ကို (၄-၈-၂၀၂၀)ရက်နေ့တွင် လျှပ်စစ်စွမ်းအင်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြိတ်ခရိုင်ဘေးစီမံမှဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုနယ်တိုင်းရင်းဆေးမှူး၊ ထုံးဖိုလူငယ်ပရဟိတအဖွဲ့၊ မြို့နယ်ကြက်ခြေနီဥက္ကဌနှင့်တပ်ဖွဲ့ဝင်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်အတူ ပူးပေါင်း၍ ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_aug2020