ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် အောက်ထုံးကျေးရွာ အုပ်စု၊ အောက်ထုံးကျေးရွာ၊ ဗာမဏီကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ မရမ်းစုကျေးရွာနှင့် အင်းတေးစုကျေးရွာ တို့၌ (၃၁-၇-၂၀၂၀) ရက်နေ့နှင့် (၁-၈-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ(၁၈၈) ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉၄,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေေ (၄,၈၉၄,၈၀၀/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်မြို့နယ် မီးသတ်ဦးစီးမှူးတို့နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါ သည်။

#ha_rbe
#ayy_aug2020

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events