ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ ကြာအင်းကြီးကျေးရွာအတွင်း၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဝင်ရောက်ခဲ့သော အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၂၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂၆၂,၅၀၀/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#krn_aug2020

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events