လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၌ တိုက်ခတ်သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စု(၁၈)စုအတွက် အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၁၆၇၅၀၀၀/-)ကျပ်နှင့် လူဦးရေ(၉၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၀၁၆၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၁၈၇၆၆၀၀/-)ကျပ်တို့ကို (၄-၈-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#kcn_aug2020

Sign Up

Upcoming Events