ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက် နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ ကမ်းမနီတောင်ကျချောင်းရေလျှံမှုကြောင့် ပြောင်းရွှေ့ခဲ့ရ သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာနှင့် အောင်သာ ကျေးရွာများမှ ရေဝင်ပြောင်းရွှေ့နေအိမ် (၂၄၃)လုံး၊ အိမ်ထောင်စု (၂၄၃)စုမှ လူဦးရေ (၁၁၉၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ( ၂,၅၁၃,၇၀၀/-)ကျပ်၊ ဆပ်ပြာ( ၂၄၃ )တောင့်၊  အဝတ်mask (၁၁၉၇)ခုနှင့် ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-) ကျပ်တို့အား  (၄-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင်  ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#sgg_aug2020

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events