Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၄-၈-၂၀၂၀)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ၊ အောက်ချောင်းကျေးရွာ၊ သဲကုန်းကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ သရက်ကုန်းကျေးရွာနှင့် လေးဆိပ်ကျေးရွာများတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းများနှင့် First Aid Kit ဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events