
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ စလေ မြို့၊ အမှတ်(၄) ရပ်ကွက်၊ စလေတောင်ကျေးရွာ၌ (၃၀-၇-၂၀၂၀) ရက်နေ့၊ ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင်ပြောင်းရွှေ့အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၈) ဦးတို့အတွက် ဆပ်ပြာ(၁၃) တောင့်နှင့် Mask (၅၈) ခုတို့အား (၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)