ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ထိန်တော ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့်ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာတို့တွင်(၃-၈ -၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၂)စုမှ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၁၄၇၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၂) စုအတွက် ဆပ်ပြာ (၂)တောင့်နှင့် လူဦးရေ (၇)ဦးအတွက် (၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၁၄) ခုတို့အား (၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့်ဒေသသို့ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events