လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေးဗွီနိုင်းပိုစတာနှင့် ဘေး (၈)မျိုးပါလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)