လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာ ကမ်းပြိုကြိုတင် ရွှေ့ပြောင်းနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုး ထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုရှိ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၄၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၇)အိမ်ထောင်စာတို့အား (၁.၈.၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ရွှေတောင်မြို့နယ်သဘာဝဘေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_aug2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)