လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၄၆)လုံး၊ အိမ်ထောင်စု (၄၆)စုမှ လူဦးရေ (၂၀၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၄၂၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုလျင် ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၄၆)တောင့်နှင့် Mask (၉၂)ခုတို့အား (၃၀-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရွှေမျက်မှန်ဘုရားဝန်းတွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ fld
#bgo_jul2020