တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ​​​တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်း ဝတ်မှုံနှင့် အေးလင်း​မြတ်ရှင် စခန်းများသို့ သွားရောက်၍ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၈၇၁)၊ လူဦးရေ(၅၂၈၁)ဦးတို့အတွက် ဆပ်ပြာ(၅၂၈၁)တုံး၊ ထုံးအိတ်(၂၀)အိတ်နှင့် အဝတ်နှာခေါင်းစည်း (၁၅၀၀)ခုတို့အား (၃၁-၇-၂၀၂၀) ရက်နေ့တွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jul2020

Source:   ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events