COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်နှင့် အောင်သုခရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jul2020

Source:   ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events