လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် မိတ္ထီလာ မြို့နယ်အတွင်းရှိ ပျဉ်သာအုပ်စု (ကျိတ်ပုလဲ၊ ပျဉ်သာ၊ သဲကုန်း) ကံကြီးအုပ်စု (ကံကြီး၊ ပိတောက်ပင်၊ ကုက္ကိုလ်ပင်၊ အုတ်ဖို၊ ကျောင်းရွာ) ရုံးတောအုပ်စု(ရုံးတောကြီး၊ ရုံးတောလေး)များရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း သည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_jul2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)