သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့ (၀၇း၃၀)နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ အမှတ် (၇၊၁၇ ၁၈)ရပ်ကွက်များနှင့် နတ်ထားကျေးရွာ၊ ကျောက်ရန်ကျေးရွာ၊ လယ်သစ်ကျေးရွာ၊ သစ်ပင်ရှည်ကျေးရွာ၊ ကျောက်ပြုတ် ကျေးရွာ၊ ဓူဝံကျေးရွာ၊ ဇီးပင်ကန်ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ ကုက္ကဲကျေးရွာ၊ ကတက်ပင်ကျေးရွာ၊ သညစ်တန်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ မကျီးစုကျေးရွာ၊ တူရွင်းဘို့ကျေးရွာ၊ ကျောက်ဖြူကန်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် လက်ကမ်းစာစောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_jul2020

Sign Up

Upcoming Events