ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းခဲ့ရသော နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်က္ခာဖိုးထောက်ပံ့ငွေ (၃၇၈၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၃၇၈၀၀/-) ကျပ်တိတိအား (၃၀-၇-၂၀၂၀) ရက်နေ့တွင် ရွှေလောင်းမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_jul2020

Sign Up

Upcoming Events