ကမ်းပြိုဘေးသင့်ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့နှင့် (၂၉-၇-၂၀၂၀) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် နေအိမ်(၁၉)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထားပြီး အိမ်ထောင်စု(၁၉)စုမှ လူဦးရေ (၇၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၉၆၀၀/-)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၀-၇-၂၀၂၀)ရက်နေ့ (၁၁း၃၀)နာရီအချိန်၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ygn_jul2020

Sign Up

Upcoming Events