(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၉-၇-၂၀၂၀) ရက်နေ့(၀၉:၀၀)အချိန်မှ(၁၆:၀၀)အချိန်ထိ သံတွဲ ခရိုင်၊ ဂွမြို့၊ ရွာမရပ်ကွက်၊ ကင်းရုံးရပ်ကွက်၊မြို့မရပ်ကွက်၊ ရဟိုင်ကွင်းကျေးရွာနှင့် ရဟိုင်ကူးတို့ကျေးရွာ တို့တွင် (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#rke_jul2020
 
 
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events