ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပြို၊ ရေဝင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့မှ (၂၇-၇-၂၀၂၀)ရက်ထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကသာမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ မိုးတားလေးကျေးရွာ၊ ခတက်ချောင်ကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ဝေဆွယ်ကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ သံပုရာကျေးရွာနှင့် ကျောက်ပုံကျေးရွာတို့မှ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့အိမ်ထောင်စု (၁၃၇) စုမှ လူဦးရေ (၆၅၃)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၃၇၁,၃၀ဝ/-) ကျပ်ကို (၂၇-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ ကသာမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာမှ မဟာလေးထပ်ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၆၀ဝ/-)ကျပ်၊ အဝတ်နှာခေါင်းစည်း (၃၆)ခုနှင့် ဆပ်ပြာထောင့်(၉)တောင့်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊  ကသာမြို့နယ်၊ လက်ပံဇင်ကျေးရွာမှ ရေဝင်ဖျက်သိမ်းပြောင်းရွေ့အိမ်ထောင်စု(၁၃)စုမှ လူဦးရေ(၆၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၆,၅၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၃)အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၀၀,၀၀ဝ/-) ကျပ်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ ကသာမြို့နယ်၊ ဒုံးအော့ကျေးရွာမှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ha_rbe

#sgg_jul2020

Source:           ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events