ကလေးမြို့နယ်အတွင်း သောက်သုံးရေရှားပါး၍ တစ်ဖက်ဆည်ကန်တည်ဆောက်ရန် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးမြို့နယ်၊ မော်လိုက်ကလေး (တောင်ရွာ)၌ သောက်သုံးရေရှားပါး၍ တစ်ဖက်ဆည်ကန်ပြုလုပ်ရန် ကုန်ကျငွေကျပ်(၉.၆၅၀သန်း)ကို (၂၉-၇-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ မော်လိုက်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#sgg_jul2020

Source:           ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events