ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ မြေပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူမိသားစုဝင် ထိခိုက်လွယ်အုပ်စုများအား ပံ့ပိုးကူညီရန် တီမော လက်စတေနိုင်ငံအစိုးရနှင့် ပြည်သူပြည်သူများက ပါဝင်လှူဒါန်းမှုသတင်း

ဇူလိုင်လ ၂၄၊ နေပြည်တော်

        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ရတနာမြေတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အသက်ဘေးကြုံတွေ့ခဲ့ရ သူများ၏ ကျန်ရစ်သောမိသားစုဝင်များကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 ထိုအစီအစဉ်တွင် ထိခိုက်လွယ်အုပ်စုဝင် မိသားစုဝင်များ (ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ) အတွက် ပံ့ပိုးကူညီရာ၌အသုံးပြုနိုင်ရန် တီမောလက်စတေ နိုင်ငံအစိုးရနှင့် ပြည်သူပြည်သားများ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၂၅)သိန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံနှင့် အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူး တင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_lsd

#kcn_jul2020

Source:  MOSWRR

Sign Up

Upcoming Events