Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​​ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဝါး​တောစွန်းကျေးရွာအုပ်စု
နှင့်မိုးဟုတ်​ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယ အကြိမ်အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   

#ar

#ayy_jul2020

Source:  ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events