လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက် အုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် (၂၀- ၇-၂၀၂၀) ရက်နေ့မှ (၂၇-၇-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၂၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၈၀၀,၀၀ဝ/-) ကျပ် ၊ လူဦးရေ (၉၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၂၀၃,၇၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃,၀၀၃,၇၀၀/-) ကျပ်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၈-၇-၂၀၂၀) ရက်နေ့၊ (၁၃ : ၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)