လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့တွင် ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်တွင် ရေ၀င်ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၃၁) အိမ်၊ အိမ်ထောင်စု (၃၂)စုမှ လူဦးရေ (၁၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၇၂၀ဝ/-)ကျပ်နှင့် ဆပ်ပြာ (၃၂) တောင့် တို့ကို (၂၈-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_jul2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)