လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပစ္စည်းများ လာရောက်လှူဒါန်းမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၇:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမ၌ Irrawaddy Green Towers Ltd. မှ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူးက အဖွင့်အမှာစကား ပြောကြားခြင်း၊ Irrawaddy Green Towers Ltd.မှ တာဝန်ရှိသူက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ ပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းတို့ဆောက်ရွက်ခဲ့ရာ တာဝန်ရှိသူက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား​ပြောကြားပြီး​နောက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ အဆိုပါပစ္စည်းများကို စာသင်ကျောင်း၊ စျေး၊ စားသောက်ဆိုင်များ၊ Quarantine Center များသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source:           တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events