ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့၊ ယွန်းတန်း ရပ်ကွက်နှင့် သရက်တောရပ်ကွက်တို့၌ (၂၄-၇-၂၀၂၀) ရက်နေ့နှင့် (၂၆-၇-၂၀၂၀)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၂၇)လုံး၊ အိမ်ထောင်စု (၂၇)စုမှ လူဦး‌‌ရေ (၉၆) ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၀၁,၆၀၀/-)ကျပ်အား (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_jul2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events