လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ (၂၇-၇-၂၀၂၀) ရက်နေ့တွင် ချင်တောင်ကျေးရွာအုပ်စုရှိ ရွာသာအေးကျေးရွာ၊ ရေလယ်သောင်ကျေးရွာ၊ မရိုးခုံကျေးရွာ၊ ခြောက်အိမ် တန်းကျေးရွာ၊ ဇီးကပ်ကျေးရွာနှင့် ထနောင်းကုန်းကျေးရွာ၊ မြင်ကဝကျေးရွာအုပ်စုရှိ ကျီးပင်ကျေးရွာ တို့တွင် Covid-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ရေဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာများရှိ ရေဝင်ရောက်နိုင်သည့် နေအိမ်များသို့ လှည့်လည်၍ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_Jul2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)