ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ တရုတ်မှော် ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ (၂၅-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀)ကျပ်၊အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၉,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆)အိမ်ထောင်စာတို့အား (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၄:၄၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ များထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_jul2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events