လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုး၍ ရေဝင်ရောက်မှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ ကြရသော မင်းကင်းမြို့၊ အမှတ် (၃) အတွင်းရှိ အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၉၄) ဦးတို့အတွက် ဆပ်ပြာ (၂၃) တောင့်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၇,၄၀၀/-) ကျပ်တို့အား (၂၇-၇-၂၀၂၀) ရက်နေ့တွင် ယွန်းကျောင်းရေဘေးရှောင်စခန်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_Jul2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)