Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့ နံနက် (၁၂:၀၀) အချိန်မှနေ့လည် (၁၄:၃၀) အချိန်ထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်းကျေးရွာ ဒိုင်းပြကျေးရွာ ချမ်းသာကျေးရွာ ပဒဲကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာများသို့ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ရေဘေး၊ မုန်တိုင်းဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_jul2020

Sign Up

Upcoming Events