လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၁၀)ရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_jul2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)