လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ မြို့နယ်အတွင်းရှိဇောင်းချမ်းကုန်းအုပ်စု (ဇောင်းချမ်းကုန်း၊ ဂွေးတောက်ကုန်း၊ ညောင်ကုန်း၊ မကျီး ချောက်) ကဖြူအုပ်စု (ကဖြူ၊ ညောင်ကားယား၊ သပြေပင်၊ မင်းတဲကုန်း၊ တလင်းကုန်း) ညောင်ကန် အုပ်စု (ညောင်ကန်၊ သဲကုန်း၊ ကံကြီး၊ ဓမ္မပါလ) များသို့သွားရောက်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သဘာဝဘေးကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_Jul2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)