
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့၊ ဇလွန်မြို့နယ်၊ ကျုံရှအုပ်စု၊ ကျုရှရွာ၊ ဖက်သောင်အုပ်စု၊ ဖက်သောင်ရွာ၊ ဇော်ဂျီကွင်း အုပ်စု၊ ဇော်ဂျီကွင်းရွာ၊ မေရီလန်းအုပ်စု၊ မေရီလန်းရွာတို့တွင် နံနက် (၀၈:၃၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ (အေးမြသာယာ၊လယ်တီကွင်း) ရပ်ကွက်တို့တွင် ည (၁၈:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီအချိန်ထိလည်းကောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး တွင် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့ အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝ ဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy _jul2020