ရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀)ရက်နေ့နှင့်(၂၄-၇-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့် သီရိရပ်ကွက်တို့တွင် ဧရာဝတီမြစ်ရေ မြင့်တက် လာမှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၁၈၅) ဦးအတွက် အဝတ် mask (၁၈၅) ခု၊ ဆပ်ပြာတောင့် (၄၅) တောင့်နှင့် (၇) ရက်စာ ဆန်ဖိုးရိက္ခာငွေ (၃၈၈,၅၀၀) ကျပ်တို့ကို (၂၅-၇-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီအချိန် တွင် ပြည်သူ့ထံအရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။

 

#ha_fld

#kcn_jul2020

 

 

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events