(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပိန်း‌တော‌ကျေးရွာ၊ ပန်းပြင်ကျေးရွာနှင့် မဲနယ်အိုးကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တလော ရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာ‌ဆောင်ရွက်ရ မည့် အချက်များနှင့် မိုးရာသီကာလသို့‌ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်‌/ရှောင်ရန် အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် နှိုးဆော် ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်နှင့် ဗီနိုင်းပိုစတာများ‌ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny _jul2020

Sign Up

Upcoming Events